• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည်အတွင်း အရှေ့တောင်အာရှသို့ ခရီးသွားသူ တိုးများနိုင်

(GMT+08:00) 2018-01-18 12:37:36

တရုတ် ခရီးသွား အင်ဂျင်စီများအသင်း၊ တူနျူ ခရီးသွား ဝက်ဘဆိုဒ်နှင့် အိုင်ဝေ ပူးတွဲ ခရီးသွား အတိုင်ပင်ခံဌာနတို့သည် ယခုလ ၁၇ ရက်နေ့က ပီကင်းမြို့၌ အစီရင်ခံစာ ထုတ်ပြန်ပြီး၊ ၂၀၁၈ ခုနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည်အတွင်း တရုတ်လူမျိုး များစွာတို့သည် နိုင်ငံခြားသို့ ခရီးသွားမည် ဖြစ်ပြီး ယင်းတို့အနက် အရှေ့တောင် အာရှသို့ ခရီးသွားသူ ဦးရေ ဆက်လက် တိုးများသွားမည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ ဗီယက်နမ်၊ စင်ကာပူ၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ခရီးသည်များ ဦးစားပေး ရွေးချယ်သော ခရီးသွားရန် နေရာများပင် ဖြစ်ကြောင်း သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio