• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒါဗိုစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် ကျင်းပမည်

(GMT+08:00) 2018-01-17 12:33:39

ယခုလ ၂၃ရက်နေ့မှ ၂၆ရက်နေ့အထိ ၄၈ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၊ တစ်နည်းအားဖြင့် ပြောရလျှင် ဒါဗိုစ် ဖိုရမ်ကို ဆွစ်ဇာလန် နိုင်ငံ ဒါဗိုစ်တွင် ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ် အမှုဆောင် ဥက္ကဋ္ဌ ကလောစ် ရှ်ဝတ်က ယခုလ ၁၆ရက်နေ့က ဂျီနီဗာရှိ ဌာနချုပ်ရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ ယခုနှစ် ဒါဗိုစ် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "တကွဲတပြား ဖြစ်နေသော ကမ္ဘာတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်" ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုအကြိမ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ကြမည့် ထိပ်သီးခေါင်းဆောင်များ ဦးရေသည် အများဆုံး ဖြစ်ပြီး စံချိန်သစ် တင်မည်ဟု ခန့်မှန်းရကြောင်း၊ ၄င်းတို့တွင် နိုင်ငံ ၇၀မှ နိုင်ငံတော် ထိပ်သီးများ၊ အစိုးရ ခေါင်းဆောင်များနှင့် အရေးကြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ခံ ၄၅ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံ အသီးသီးတို့ အကြား ပထဝီ အနေအထားအရ မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှု တစ်နေ့တခြား အရှိန်မြင့်လာသည့် အခြေအနေမျိုး၌ ယခုအကြိမ် ဒါဗိုစ် နှစ်ပတ်လည် အစည်းအဝေးတွင်  နိုင်ငံတကာ  ပူးပေါင်းဆောင်ရွက်ရေး၏ အနက်အဓိပ္ပါယ်ကို     ထပ်လောင်း အလေးထားပြီး  တက်ရောက်သူများသည် နိုင်ငံတကာ လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ကမ္ဘာ့ စီးပွားရေး စသည့် နိုင်ငံ အသီးသီး၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်သော အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ ယခုအကြိမ် အစည်းအဝေးတွင် ပြည်တွင်း သဘောကွဲလွဲမှုများကို ပပျောက်စေရေးနှင့် ပတ်သက်၍ အလေးထား ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

 

   Webradio