• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်း အပေါ် နိုင်ငံခြား ပညာရှင်များ အာရုံစိုက်ကြ

(GMT+08:00) 2018-01-16 15:52:17

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ယခုလ ၁၁ရက်နေ့က ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အရေးကြီး မိန့်ခွန်းပြောကြားရာ၌ မလျှော့သောဇွဲဖြင့် ပါတီကို ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်းအား ဇောက်ချပြုလုပ်ပြီး ပါတီကို ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်း အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

နိုင်ငံခြားပညာရှင်များသည် ရှီကျင့်ဖိန်၏ ၄င်းအရေးကြီး မိန့်ခွန်း အပေါ် အာရုံစိုက်နေကြကြောင်း၊ ၄င်းတို့က ပါတီကို ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်း တွင် တရုတ် ကွန်မြူနစ်ပါတီသည် ကြီးမားသော အောင်မြင်မှုများ ရရှိပြီး နိုင်ငံ အသီးသီးမှ နိုင်ငံရေး ပါတီများ အတွက် နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး နယ်ပယ်တွင် စံနမူနာ စိုက်ထူနေကြောင်း ယူဆကြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ရုရှား အဆင့်မြင့် စီးပွားရေး အကယ်ဒမီ အရှေ့တိုင်း ပညာ သုတေသန ဌာန ဌာနမှူး မာစလိုဗ်က တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် ပါတီကို ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်းအား တင်ပြခြင်းသည် တရုတ် ကွန်မြူနစ်ပါတီ၏ ပြောင်မြောက်သည့် တော်လှန်ရေး အစဉ်အလာကို ထပ်မံ အလေးထားခြင်း ဖြစ်ပြီး ပါတီ စည်းကမ်းများ၏ အရေးကြီးပုံကို အဆင့်သစ်သို့ တိုးမြှင့်ခဲ့ကြောင်း ပြောကြားသည်။

အီတီလီ နာမည်ကျော် နိုင်ငံတကာ ရေးရာ ပညာရှင် အယ်လီယာ ဗာလိုရီက တရုတ် ကွန်မြူနစ်ပါတီ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးသည် မကြုံစဖူး မြင့်မားသည့် အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ် ပါတီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပိုပြီး အင်တိုက်အားတိုက် ဆောင်ရွက်သည့် အပြင်၊ ပါတီ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းဌာနများကို အဆက်မပြတ် ကောင်းမွန် ပြည့်စုံအောင် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသည်။

ကျူးဘား နိုင်ငံတကာ နိုင်ငံရေး သုတေသန စင်တာမှ ပညာရှင် ရိုဗာအီနာက တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် ပါတီကို ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်းနှင့် အဂတိ လိုက်စားမှုကို တင်းတင်းကျပ်ကျပ် တိုက်ဖျက်ရေးအား ဆောင်ရွက်မှသာ အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေးနှင့် ဆိုရှယ်လစ် ခေတ်မီ နိုင်ငံ ဘက်စုံတည်ဆောက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် ဆာဗီးယားစသည့် နိုင်ငံများမှ ပညာရှင်များ သည် ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို ဆင်ဟွာ သတင်းထောက်များအား အသီးသီး ဖော်ပြခဲ့ကြောင်း သိရသည်။

   Webradio