• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နိုင်ငံ မာယုံမီးတောင်အနီးတဝိုက်မှ ဒေသခံများ ပြောင်းရွှေ့ပေးရန်ကြေညာ

(GMT+08:00) 2018-01-16 14:42:09

        ဖိလစ်ပိုင်နိုင်ငံမှ မာယုံမီးတောင် တည်ရှိသော အယ်ဘေပြည်နယ်မှ မြို့နယ် ၃ ခုတွင် နေထိုင်ကြသည့် ဒေသခံများ ၁၂၀၀၀ ခန့် ပြောင်းရွှေ့ပေးခဲ့ပြီဖြစ်ကြောင်း၊ ယင်းပြည်နယ်တွင် ယခုလ ၁၅ ရက်နေ့မှစ၍ မီးတောင်အနီးတဝိုက်ဒေသရှိ ဂယက်ရိုက်ခတ်မှုခံနိုင်ဖွယ်ရာရှိသော စာသင်ကျောင်းအားလုံး ကျောင်းပိတ်ပြီး အချို့စာသင်ကျောင်းများတွင် ဒေသခံများ ပြောင်းရွှေ့နေထိုင်ကြကြောင်း ဖိလစ်ပိုင်နိုင်ငံ ဘေးအန္တာရယ် လျှော့ပေါ့ရေးကော်မရှင်က ၁၅ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဖိလစ်ပိုင် မီးတောင်နှင့် ငလျင် သုတေသနဌာနက ၁၅ ရက်နေ့ည ထုတ်ပြန်သော ဓာတ်ပုံ မာယုံမီးတောင် အပေါက်တွင် အနီရောင်အလာင်းရောင် ထွက်လာပြီး ချော်ရည်လည်း စီးဆင်းကျလာသည်ဟု တွေ့ရကြောင်း သိရပါသည်။

   Webradio