• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ငွေရင်း ထောက်ခံမှုသည် အာဖရိက နိုင်ငံများ ကြွေးမြီ တိုးစေသည် ဆိုခြင်းကို ဝမ်ယိ ချေပ

(GMT+08:00) 2018-01-15 09:42:44

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အင်ဂိုလာ နိုင်ငံခြားရေး ဝန်ကြီး အော်ဂူစတိုနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ပြုလုပ် ခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိသည် တရုတ်နိုင်ငံက အာဖရိက နိုင်ငံများ ငွေရင်း ထောက်ခံရေးဆိုင်ရာ အခြေခံမူ သုံးရပ်ကို ရှင်းလင်း ပြောကြားပြီး တရုတ် ငွေရင်း ထောက်ခံမှုသည် အာဖရိက နိုင်ငံများ ကြွေးမြီ တိုးစေသည် ဆိုခြင်းကို ချေပ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဝမ်ယိက၊ မည်သူက အာဖရိကကို စိတ်ရင်းစေတနာဖြင့် ကူညီနေခြင်းနှင့် မည်သူက အာဖရိက၏ ယုံကြည်အားထားရဆုံးသော မိတ်ဖက် ဖြစ်ခြင်းကို အာဖရိက ပြည်သူများ ရှင်းရှင်းလင်းလင်း သိမြင်ပါကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio