• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံတကာ မိသားစုကြီး အာရုံစူးစိုက်

(GMT+08:00) 2018-01-15 09:39:37

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟို စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီ ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၁၃ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် တရုတ် ကွန်မြူနစ်ပါတီ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို အာရုံစူးစိုက်နေကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဗဟို စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ချက်အရ၊ ၂၀၁၇ ခုနှစ်တွင် တစ်ပြည်လုံးရှိ စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေး ဌာနများသည် လူ ၅ သိန်း ၂ သောင်း ၇ ထောင်ကျောကို အရေးယူ ပြစ်ဒဏ်ပေးခဲ့ပြီး ယင်းတို့အနက် ဝန်ကြီးနှင့် ဝန်ကြီးအထက် အဆင့် ကေဒါခေါင်းဆောင် ၅၈ ဦး ပါဝင်ကြောင်း သိရပါသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ကျူးလွန်မှုရေးရာရုံး အဂတိလိုက်စားမှုနှင့် စီးပွါးရေး ပြစ်မှုကျူးလွန်မှုရေးရာ ဌာန တာဝန်ရှိ ပုဂ္ဂိုလ် ဖလာစစ္စက၊ လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံသည် အဂတိလိုက်စားမှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုများကို စုံစမ်းစစ်ဆေး အရေးယူကာ ယင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အစွမ်းကုန် ကြိုးပမ်းပြီး ကြီးမားသော အောင်မြင်မှုများ ရရှိပြီဟု ပြသနေကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio