• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် တရုတ် သွင်းကုန်ပို့ကုန် တိုးလာ

(GMT+08:00) 2018-01-15 09:36:09

တရုတ် အကောက်ခွန်ဌာနချုပ်မှ မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် သွင်းကုန် ပို့ကုန် စုစုပေါင်း ပမာဏမှာ တရုတ်ယွမ်ငွေ သန်း ၂၈၀၀ ခန့်ရှိပြီး ၂၀၁၆ ခုနှစ်ကထက် ၁၄့  ၂ ရာခိုင်နှုန်း တိုးလာကာ ယင်းမတိုင်မီက ၂ နှစ် ဆက်တိုက် ကျဆင်းသော အခြေအနေကို အဆုံးသတ်နိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တရုတ် နိုင်ငံခြား ကုန်သွယ်မှုသည် ဆက်လက် မြန်မြန် မှန်မှန် တိုးတက်သွားမည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်နှင့် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် အာဆီယံ အကြား သွင်းကုန်ပို့ကုန် ပမာဏမှာ တိုးတက်လာပြီး သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏ၏ ၄၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ Belt and Road တလျှောက်မှ နိုင်ငံများနှင့် သွင်းကုန် ပို့ကုန် တိုးတက်နှုန်းမှာ စုစုပေါင်း တိုးတက်နှုန်းထက် ၃့ ၆ ရာခိုင်နှုန်း ပိုမြင့်ပါကြောင်း သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio