• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ကမ္ဘောဒီးယား ဘုရင် စီဟာမိုနီ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-01-11 22:07:08

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၁ရက်နေ့ နေ့လယ်ပိုင်းက ဖနွမ်းပင်မြို့တော်ရှိ ဘုရင့်နန်းတော်တွင် ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် စီဟာမိုနီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးသည် ရှေးပဝေသဏီကာလကစပြီး တည်ရှိကာ နှစ်နိုင်ငံ ပြည်သူများ အကြား နက်ရှိုင်းသော ချစ်ကြည်ရေး သံယောဇဉ်ရှိကြောင်း၊ တရုတ်ပြည် အနေနှင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ်၆၀ပြည့်နှစ် ဖြစ်သည့် ယခုနှစ်ကို  အစပျိုး လိုက်ခြင်းသစ် အဖြစ် ထားပြီး ကမ္ဘောဒီးယားနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ဘုရင် စီဟာမိုနီက ကမ္ဘောဒီးယား-တရုတ် အစဉ်အလာ ချစ်ကြည်ရေးသည် နက်ရှိုင်းကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်၏ ယခုအကြိမ် ကမ္ဘောဒီးယား ခရီးစဉ်သည် နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်မှုကို တစ်ဆင့်တိုး ခိုင်မြဲစေပြီး နယ်ပယ် အသီးသီးမှ နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုက်ကာ အလွန်အရေးကြီးကြောင်း ပြောကြားသည်။

   Webradio