• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ကမ္ဘောဒီးယားတို့ "ချစ်ခင်မှု" လုပ်ငန်း သဘောတူ စာချုပ် ချုပ်ဆို

(GMT+08:00) 2018-01-11 18:24:20

ယခုနှစ်သည် တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ်၆၀ပြည့်နှစ် ဖြစ်သည်။

ယခုလ ၁၁ရက်နေ့က နှစ်နိုင်ငံ ကျန်းမာရေး လုပ်ငန်း ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ကမ္ဘာဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်တွင် သက်ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုပြီး "ချစ်ခင်မှု" လုပ်ငန်းကို စတင်ဆောင်ရွက်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်း"ချစ်ခင်မှု" လုပ်ငန်းတွင် တရုတ် ဆရာဝန်များသည် ကမ္ဘောဒီးယား နှလုံးရောဂါ ဝေဒနာရှင်များ အတွက် အခမဲ့ ခွဲစိတ်ကုသမှုပေးမည် ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် ချုပ်ဆိုသော ပထမဆုံး ယင်းကဲ့သို့သော သဘောတူ စာချုပ် ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆင်တို့သည် ၄င်းစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio