• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် တရုတ် တိုက်တွန်း

(GMT+08:00) 2018-01-11 09:01:53

လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က ဖနွမ်းပင်မြို့၌ ကျင်းပခဲ့ကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ် အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ ခေါင်းဆောင်တို့သည် လာမည့် အဆင့်ကာလ၌ လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအတွက် စီမံကိန်းများ လက်တွဲ ချမှတ် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံသည် လမ်ဆန်-မဲခေါင် မြစ်ဝှမ်းဒေသ စီးပွါးရေး ဖွံ့ဖြိုးမှုဇုန် တည်ထောင်ရေးနှင့် လမ်ဆန်-မဲခေါင် နိုင်ငံများ ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက်များကို တင်ပြကာ အစည်းအဝေး တက်ရောက်သောနိုင်ငံများ၏ ချီးကျူးမှု ရရှိခဲ့ပါသည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ရေအရင်းအမြစ်၊ ဆည်မြောင်းတာတမံ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေးနှင့် ဆေးဝါးကုသရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio