• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ကျန်းတေကျန်းတို့ ပြင်သစ် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2018-01-10 09:49:25

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတေကျန်းတို့သည် ယခုလ ၉ ရက်နေ့က ပီကင်း၌ အလည်အပတ် ရောက်ရှိနေသော ပြင်သစ် သမ္မတ မာကရွန်နှင့် တွေ့ဆုံဆွေးနွေးပွဲ အသီးသီး ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က၊ နှစ်နိုင်ငံတို့သည် နျူကလီးယားစွမ်းအင်၊ လေကြောင်းနှင့် လယ်ယာစိုက်ပျိုးရေး အပါအဝင် လုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

 

   Webradio