• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလုပ်ငန်း မြန်မာ စီးပွါးရေး တွန်းအားပေး

(GMT+08:00) 2018-01-10 09:44:31

တရုတ် ရေနံလုပ်ငန်း ကုမ္ပဏီချုပ် နိုင်ငံတကာ ရေနံ ပိုက်လိုင်း လုပ်ငန်း မန်နေဂျာချုပ် မုန်ဖန်ချွင်က၊ ၂၀၁၈ ခုနှစ်တွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်းမှ တဆင့် မြန်မာနိုင်ငံအား သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်း ၁၀၀၀ နှင့် ရေနံ တန်ချိန် ၂ သန်းကို ပို့လွှတ်ရန် စီစဉ် ထားကြောင်း မကြာမီက ပီကင်း၌ စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၎င်းက၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ပိုက်လိုင်း လုပ်ငန်းသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိသည့် လုပ်ငန်းကောင်း တစ်ရပ် ဖြစ်ပြီး မြန်မာ အထက်ပိုင်းဒေသ၏ စီးပွါးရေးကို တွန်းအားပေးနေကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio