• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာကရွန်၏ တရုတ်ပြည်ခရီးစဉ်သည်၊ ခေတ်ကာလသစ်တွင် တရုတ်-ပြင်သစ်နှင့် တရုတ်- ဥရောပ ဆက်ဆံမှုအတွက် အရေးကြီးအဓိပ္ပါယ်ရှိသည်ဟု တရုတ်က ဖော်ပြ

(GMT+08:00) 2018-01-09 10:03:34

     ပြင်သစ်နိုင်ငံ သမ္မတ မာကရွန်သည်၊ ယခုလ ၈ ရက်နေ့က တရုတ်ပြည်တွင် ပထမဆုံး အကြိမ်တရားဝင်ခရီးလှည့်လည်ခဲ့သည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူ့ခန်းက သမ္မတ မာကရွန်၏ ယခုအကြိမ် တရုတ်ပြည်ခရီးစဉ်သည်၊ ခေတ်ကာလသစ်တွင် တရုတ်-ပြင်သစ်နှင့် တရုတ်-ဥရောပ ဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသော အဓိပ္ပါယ်ပါရှိကြောင်း၊ တရုတ် ခေါင်းဆောင်များ အနေနှင့်၊ ခေတ်ကာလသစ်တွင် တရုတ်-ပြင်သစ်ဆက်ဆံမှု တွန်းအားပေးရေး၊ နှစ်ဖက်တို့ အတူတကွအရေးထားကြသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာပြဿနာများ နှင့်စပ်လျဉ်း၍ သမ္မတ မာကရွန်နှင့် နက်နဲစွာ အမြင်ချင်းဖလှယ်ရန် မျှော်လင့်ကြကြောင်း ယခုလ ၈ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့ သည်ဟု စီအာအိုင်သတင်းအရသိရသည်။

 

   Webradio