• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော် သိပံ္ပနည်းပညာ ဆုချီးမြှင့်ပွဲ အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-01-09 09:29:52

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီသည် ယခုလ ၈ ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့၌ နိုင်ငံတော် သိပံ္ပနည်းပညာ ဆုချီးမြှင့်ပွဲ အစည်းအဝေးကို ကျင်းပ ခဲ့ကြောင်း၊ ရှီကျင်ပဖိန်၊ လီခေ့ချန်၊ ကျမ်းကောလိ၊ ဝမ်ဟုနင် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ပြီး ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်သည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ကျမ်းကောလိသည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဗဟိုနှင့် နိုင်ငံတော် လုပ်ငန်းဌာနများနှင့် တပ်မတော်မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံတော် သိပံ္ပနည်းပညာနှင့် ပညာရေး ဦးဆောင်အဖွဲ့ဝင်များ၊ နိုင်ငံတော် သိပံ္ပနည်းပညာ ဆုချီးမြှင့်ရေးကော်မတီနှင့် သိပံ္ပနည်းပညာ လောကမှ ကိုယ်စားလှယ် စုစုပေါင်း လူ ၃၃၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio