• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစ္စရေး ဝန်ကြီးချုပ်က ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များ ထောက်ပံ့ ကယ်ဆယ်ရေးဌါနကို ဖျက်သိမ်းသင့်ဟုဆို

(GMT+08:00) 2018-01-08 11:18:47
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က ပါလက်စတိုင်းကို စီးပွားရေး ထောက်ပံ့မှု ရပ်စဲမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းကို ရည်စူးပြီး အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတာယာဟူးက ဒေသတွင်း ပါလက်စတိုင်း ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး တာဝန်ထမ်း ဆောင်သော ကုလသမဂ္ဂ အရှေ့ ဖျား ပါလက်စတိုင်း ဒုက္ခသည်များ ထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းဌါနကို ဖျက်သိမ်းသင့်ကြောင်း ယခုလ ၇ရက်နေ့ က တုံ့ ပြန်ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အစ္စရေးအစိုးရက မကြာမီကထုတ်ပြန်သော အစီရင်ခံစာ၌ အရှေ့ ဖျားထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်စဲရင် သက်ဆိုင်ရာဒေသ၌ ပိုမိုပြင်းထန်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားစေမှာဖြစ်ပြီး ဘေးဒုက္ခဖြစ်ပွား နိုင်သည်ဟု ရေးထားဖေါ်ပြသည်။

   Webradio