• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကင်ဂျုံအန်းနှင့် ကြိုတင်လိုအပ်ချက်ရှိသော ဆွေးနွေးပွဲ ပြုလုပ်လိုဟု ထရမ့်ဆို

(GMT+08:00) 2018-01-07 11:49:26

အမေရိကန် သမ္မတ ထရမ့်က ယခုလ ၆ရက်နေ့က မာရီလန် ပြည်နယ် ဒေးဗစ်စခန်းတွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ မိမိ အနေနှင့် မြောက်ကိုးရီးယား အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ကြိုတင်လိုအပ်ချက်ရှိသော ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း၊ သို့သော် မြောက်ကိုးရီးယား အပေါ် အမေရိကန်၏ သဘောထား ရပ်တည်ချက် အလွန်ခိုင်မာပြတ်သားကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက ယခုလ ၉ရက်နေ့တွင် ကျင်းပမည့် တောင်မြောက်ကိုးရီးယား ဆွေးနွေးပွဲ၌ ဆောင်းရာသီ အိုလံပစ် ပွဲတော်မကဘဲ အခြား ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio