• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျေရုဆလင်အား အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်မှ အသိအမှတ်ပြုချက်ကို အာရပ် နိုင်ငံများ ဆက်လက် ဟန့်တားဆန့်ကျင်ကြ

(GMT+08:00) 2018-01-07 11:49:02

အာရပ်နိုင်ငံ ၆နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာရပ်နိုင်ငံများ အဖွဲ့ အတွင်းရေးမှူးချုပ်တို့သည် ယခုလ ၆ရက်နေ့က ဂျော်ဒန် နိုင်ငံ အမ္မန်မြို့တော်တွင် အစည်းအဝေး ကျင်းပရာ ဂျေရုဆလင်အား အစ္စရေး၏ မြို့တော် အဖြစ် အမေရိကန်မှ အသိအမှတ်ပြုချက်ကို ဟန့်တားဆန့်ကျင်ကြောင်းနှင့် ကန့်ကွက်ကြောင်း၊ အာရပ်နိုင်ငံများ အနေနှင့် ဂျေရုဆလင် ပြဿနာ အပေါ် မိမိတို့၏ သဘောထား ရပ်တည်ချက်ကို စွဲကိုင်ကြမည် ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။

၎င်း၆နိုင်ငံတွင် ဂျော်ဒန်၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများ နိုင်ငံနှင့် မိုရိုကို ပါဝင်ကြောင်း သိရသည်။

   Webradio