• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ဥရောပနှင့် ဘောတစ်ပင်လယ် နိုင်ငံများ လွှတ်တော် ဥက္ကဋ္ဌများ တရုတ်ပြည်တွင် ခရီးလှည့်လည်မည်

(GMT+08:00) 2018-01-06 12:35:14

တရုတ် ပြည်သူ့ ကွန်ဂရက် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ကျန်းဒေကျန်း၏ ဖိတ်ကြားချက်အရ မြောက်ဥရောပနှင့် ဘောတစ်ပင်လယ် နိုင်ငံများမှ လွှတ်တော် ဥက္ကဋ္ဌများသည် ယခုလ ၇ရက်နေ့မှ ၁၃ရက်နေ့အထိ တရုတ်ပြည်တွင် ပူးတွဲ ခရီးလှည့်လည်ကြမည်ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က ယခုလ ၅ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည်သည် ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်-ဥရောပ ဆက်ဆံမှု ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဖင်လန်၊ နော်ဝေး၊ အိုင်စလန်၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သွေးနီးယား နိုင်ငံများမှ လွှတ်တော် ဥက္ကဋ္ဌများနှင့် ဆွေဒင်နိုင်ငံ လွှတ်တော် ပထမ ဒုဥက္ကဋ္ဌတို့သည် ခရီးလှည့်လည်ကြမည် ဖြစ်ကြောင်း သိရသည်။

   Webradio