• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြင်သစ် သမ္မတ တရုတ်ပြည်တွင် ခရီးလှည့်လည်မည်

(GMT+08:00) 2018-01-06 12:33:52

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြင်သစ် သမ္မတ မာကရွန်းသည် ယခုလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က ယခုလ ၅ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသည် တရုတ်ပြည်တွင် သမ္မတ မာကရွန်း၏ ပထမဆုံး အကြိမ် တရားဝင် ခရီးလှည့်လည်ခြင်း ဖြစ်ပြီး တရုတ်-ပြင်သစ် ဆက်ဆံမှု အတွက် အလွန် အရေးကြီးကြောင်း ပြောကြားသည်။

   Webradio