• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံ၏ နှစ်၇ဝပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

(GMT+08:00) 2018-01-05 11:21:40

    ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည်၊ နှစ်၇ဝပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေခြင့်၊ ယခုလ ၄ ရက်နေ့က နေပြည်တော်နှင့် ရန်ကုန်မြို့တွင် အထိမ်းအမှတ် အခမ်းအနားကို အသီးသီး ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။

     ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်၊  ယင်းအထိမ်းအမှတ် အခမ်းအနားများသို့ ဂုဏ်ပြုကြောင်းသ၀ဏ်လွှာပေးပို့ရာ၌၊ မြန်မာနိုင်ငံအနေနှင့်၊ လွတ်လပ် ရေး ရရှိခဲ့သော်လည်း၊ နှစ်ပေါင်းများစွာတွင် ပြည်တွင်းအချင်းပွားမှုများ၌ တည်ရှိသေး သဖြင့်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်စေခဲ့ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်း သားတစ်ရပ်လုံးလွတ်လပ်ခြင်း၊ တရားမျှတရေး၊ တန်းတူညီမျှမှုရရှိရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးမူများကို အခြေခံပြီး၊ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲချမှတ်ပြီး၊ နိုင်ငံရေးစေ့စပ်ဆွေနွေးခြင်းဖြင့် ရေရှည်ငြိမ်းချမ်းရေးကို  အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio