• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
၂၀၁၇ခုနှစ် ပီကင်း လေထု ညစ်ညမ်းမှု လျော့နည်း
(GMT+08:00) 2018-01-04 13:36:12
      ပီကင်းမြို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဦးစီးဌာနက ယခုလ ၃ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ ၂၀၁၇ခုနှစ် တစ်နှစ်ပတ်လုံး ပီကင်းမြို့၏ လေထု အရည်အသွေး အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ပီကင်းမြို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ကြီးကြပ်တိုင်းတာရေး စင်တာ ဒုဒါရိုက်တာ လျူပေါင်ရှန့်က ယမန်နှစ်က ပီကင်းမြို့၏ လေထုတွင် PM2.5 အပါအဝင် အဓိက ညစ်ညမ်းမှု ၄မျိုး၏ ပါဝင်မှုနှုန်းသည် ၂၀၁၆ခုနှစ်ကထက် လျော့နည်းပြီး နိုင်ငံတော်၏ လေထုညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ရေး ဆောင်ရွက်မှု စီမံကိန်းပါ ရည်မှန်းချက်ကို အကောင်အထည်ဖော် ခဲ့ကြောင်း ပြောကြားသည်။ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ပီကင်းမြို့တွင် လေထု အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ရက်အရေအတွက် များစွာ တိုးလာပြီး ဆိုးရွားသော ညစ်ညမ်းမှု ဖြစ်ပွားခြင်း များစွာ လျော့နည်းသွားကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။
ပီကင်းမြို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဦးစီးဌာန လေထု ဝန်းကျင် စီမံခန့်ခွဲရေး ဌာန ဌာနမှူး လီရှမ်က မကြာခင် နှစ်များက ပီကင်းမြို့သည် စွမ်းအင် အသုံးပြုမှု ဖွဲ့စည်းပုံ၊ လုပ်ငန်းများ ဖွဲ့စည်းပုံး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဖွဲ့စည်းပုံများကို တရားနည်းလမ်းကျအောင် ဘက်ပေါင်းစုံမှနေ ပြုလုပ်ပြီး လေထု ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
၂၀၁၈ခုနှစ်တွင် ပီကင်းမြို့သည် PM2.5ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် ဆက်လက် အလေးထား ဆောင်ရွက်ပြီး တရားဥပဒေ၊ စီးပွားရေး၊ သိပ္ပံနည်းပညာ၊ စီမံအုပ်ချုပ်ရေး စသည့် နည်းလမ်းများဖြင့် ညစ်ညမ်းမှု မျိုးစုံ ထုတ်လွှတ်မှု လျှော့ချရေးကို တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
   Webradio