• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် စင်ကာပူ စီးပွားရေးတိုးနှုန်းသည် ၃.၅ရာခိုင်နှုန်းရှိ

(GMT+08:00) 2018-01-03 13:21:00
၂၀၁၇ခုနှစ်က စင်ကာပူ စီးပွားရေးတိုးနှုန်းသည် ၃.၅ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၆ခုနှစ်က ထက် ၂ ရာခိုင်နှုန်း တိုးလာကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်းဝန်ကြီး ဌာန၏ ယခုလ၂ရက်နေ့  ထုတ်စာရင်းအရ သိရှိရသည်ဟု ဆင်ဟွာသတင်းက ဖေါ်ပြပါသည်။

၂၀၁၇ခုနှစ် စင်ကာပူ ထုတ်လုပ်ရေးသည် မနှစ်က အလားတူ အချိန်ပိုင်းကထက် ၁၀.၅ ရာခိုင်နှုန်း တိုးလာကြောင်း တိုးတက်နှုန်းသည် မနှစ်က် ၃.၆ ရာခိုင်နှုန်း ထက် မြင့်မား ကြောင်း၊ ဆောက်လုပ်ရေးမှာမူ မနှစ်က အလားတူ အချိန်ပိုင်းကထက် ၈.၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့ကြောင်း သိရပါသည်။

   Webradio