• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ်တွင် တရုတ်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ဖွံ့ဖြိုးမှုသစ် ရရှိမည်ဟု ရှူနင်နင်ဆို

(GMT+08:00) 2018-01-02 15:38:09

တရုတ်-အာဆီယံ ကုန်သွယ်ရေးကောင်စီ အမှုဆောင် ကောင်စီ ဥက္ကဋ္ဌ ရှူနင်နင်က၊ ၂၀၁၈ ခုနှစ်တွင် တရုတ်-အာဆီယံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်မှုသစ် ရရှိမည် ဖြစ်ကြောင်း၊ ယင်းပူးပေါင်းဆောင်ရွက်မှုသည် စီးပွါးကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများစွာ ဖန်တီးပေးမည် ဖြစ်ကြောင်း မကြာမီက သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

၎င်းက၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အာဆီယံ ၁၀ နိုင်ငံ အနက် ၅ နိုင်ငံတို့၏ စီးပွါးရေး တိုးတက်နှုန်းမှာ ၆ ရာခိုင်နှုန်းကျော် ရှိမည်ဟု ခန့်မှန်းရကြောင်းလည်း ပြောကြားပါသည်။

   Webradio