• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ပ သောတရှင်များအား စီအာအိုင်-အကြီးအကဲ၊ ဒုဝန်ကြီး ဝမ်ကင်းဥာဏ်-က ၂၀၁၈-ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြား

(GMT+08:00) 2018-01-01 16:42:47

     ၂၀၁၈-ခုနှစ် ရောက်ရှိလာတဲ့ အခါသမယမှာ စီအာအိုင်- အကြီးအကဲ၊ ဒုဝန်ကြီး ဝမ်ကင်းဥာဏ်-ဟာ စီအာအိုင် ဝန်ထမ်း အားလုံးရဲ့ ကိုယ်စား အသံလွှင့်ဌာနနဲ့ စီအာအိုင်-အွန်းလိုင်း ဝက်ဘ်ဆိုက် မှတစ်ဆင့် ပြည်ပ သောတရှင်များအား မွန်မြတ်ကောင်းမွန်တဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ကြောင်းနဲ့ ဆုတောင်း မေတ္တာပို့သပါကြောင်း ပြောကြားလိုက်ပါတယ်။ ဒုဝန်ကြီး ဝမ်ကင်းဥာဏ်-က သောတရှင် များ ဟာ စီအာအိုင်ရဲ့ မိတ်ဆွေကောင်းဖြစ်တယ်။ သောတရှင်များမှ အာရုံစိုက်မှုနဲ့ အားပေး ထောက်ခံမှုတွေကြောင့် စီအာအိုင်ဟာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ပိုပြီး ခြေလှမ်းမှန်မှန်နဲ့ အားကောင်းစွာ လျှောက်လှမ်းနေပါတယ်။ လာမယ့် ၂၀၁၈-ခုနှစ်မှာ စီအာအိုင်-ဟာ သောတရှင်များနဲ့ အင်တာနက် သုံးစွဲသူများ အတွက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ပိုမိုလျင်မြန်တဲ့ သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုကို ပေးဖို့ ကြိုးပမ်းမှာဖြစ်ပြီး  မိတ်ဆွေများ တရုတ်ပြည်နဲ့ ကမ္ဘာကို သိရှိနားလည်စေနိုင်ဖို့အတွက် ပိုမိုများပြား ကောင်းမွန်တဲ့ ပလက်ဖောင်းတွေ တည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းမှာလည်း ဖြစ်ကြောင်း ပြောကြားပါတယ်။

ချစ်ခင်ရင်းနှီးရတဲ့ မိတ်ဆွေများခင်ဗျာ၊

၂၀၁၈-ခုနှစ်အတွက် နှစ်သစ်ခေါင်းလောင်းထိုးလိုက်တဲ့အခါသမယမှာ ကျွန်တော် အနေနဲ့ရော၊ စီအာအိုင်၊ စီအိုင်ဘီအဲန်ရဲ့ ကိုယ်စားအဖြစ်ပါ မိတ်ဆွေတို့ကို စိတ်ရင်း စေတနာသန့်သန့်နဲ့ ဆုတောင်း မေတ္တာပို့သပါကြောင်းနဲ့ ချစ်ခင်ရင်းနှီးစွာ နှစ်သစ် နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားလိုပါတယ်။ သောတရှင်များ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။

၂၀၁၇ခုနှစ်ဟာ တရုတ်ပြည် အတွက် ထူးခြားတဲ့ အနက်အဓိပွှါယ် ရှိတယ်။ တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပခဲ့ခြင်းဟာ အနာဂတ် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းကြီး ချမှတ်ခဲ့တယ်။ စီအာအိုင်ရဲ့ သောတရှင် Franka Gulinက တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံဟာ တရုတ်ပြည် အတွက် အရေးကြီးတဲ့ အရေးကိစ္စ ဖြစ်ရုံသာမကဘဲ နိုင်ငံတကာမှ အာရုံစူးစိုက်ကြတဲ့ အရေးကိစ္စလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ ၅နှစ်ဟာ တရုတ်ပြည် အတွက် သမိုင်းဝင် ၅နှစ်ဖြစ်တယ်၊ အနာဂတ်မှာ တရုတ်ပြည်ဟာ ထွန်းပြောင်တဲ့ အောင်မြင်မှုသစ်တွေ ရရှိမယ်လို့ ပြောတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် နှစ်ဆန်းက ဆွစ်ဇာလန် နိုင်ငံ ဒါဗိုစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာ "လူသား ကံကြမ္မာ အသိုက်အဝန်း" ကြံဆချက်ကို တင်ပြခဲ့တယ်။ ပြီးခဲ့တဲ့ မေလက ပီကင်းမှာ ကျင်းပခဲ့တဲ့ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်၊ စက်တင်ဘာလက ရှမင်မြို့မှာ ကျင်းပခဲ့တဲ့ BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနဲ့ တရုတ် ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာ့ နိုင်ငံရေး ပါတီများ အဆင့်မြင့် နှီးနှောဖလှယ်ပွဲများမှာ တရုတ်ပြည်ဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန် အကျိုးရှိစေရေးနဲ့ ပွင့်လင်းမှု ရှိတဲ့ ခံယူချက်တွေနဲ့ လက်တွေ့ဖော်ဆောင်မှုတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ သက်ညှာထောက်ထားမှုနဲ့ သမိုင်းပေး တာဝန် ထမ်းဆောင်တတ်ခြင်းတွေကို ပြသခဲ့ပါတယ်။

ယနေ့ခေတ်မှာ နိုင်ငံတကာ စနစ်နဲ့ အင်အားနှိုင်းယှဉ်မှုတွေဟာ နက်ရှိုင်းစွာ ပြောင်းလဲနေတယ်။ နိုင်ငံတကာ နိုင်ငံရေးနဲ့ စီးပွားရေး စနစ်တွေဟာ အရှိန်မြင့် တည်ဆောက်နေတယ်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အတူအောင်မြင်မှုများ ရရှိရေးတွေဟာ တားဆီးလို့ မရတဲ့ ခေတ်ရေစီးကြောင်း ဖြစ်တယ်။ ကူးလူးဆက်ဆံရေးဟာ သိရှိနားလည်မှု တိုးပွားစေရေး အတွက်ရော၊ ချစ်ကြည်မှု နက်ရှိုင်းစေရေး အတွက်ပါ ပေါင်းကူးတံတား ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်က စီအာအိုင်ဟာ ဘာသာစကားမျိုးစုံနဲ့ သတင်းဖြန့်ချိရေး၊ သက်ဆိုင်ရာ နိုင်ငံများရဲ့ ပထဝီ ထူးခြားချက်နဲ့ ကိုက်ညီတဲ့ သတင်းဖြန့်ချိရေး၊ ဖြန့်ချိရေး နည်းလမ်းတွေ ရောနှောပေါင်းစပ်တဲ့ သတင်းဖြန့်ချိရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရှိတဲ့ သတင်းဖြန့်ချိ ရေးတွေကို အဓိကထား လုပ်ကိုင်တဲ့ စီအာအိုင်က သတင်းဖြန့်ချိရေး နည်းလမ်းမျိုးစုံ ပါဝင်တဲ့ ခေတ်မီ နိုင်ငံတကာ မီဒီယာသစ် အဖြစ် တည်ဆောက်ရေး လမ်းကြောင်းပေါ် ပိုမိုခိုင်မာတဲ့ ခြေလှမ်းတစ်လှမ်း လှမ်းခဲ့တယ်။ အသံလွှင့်၊ ဗီဒီယို၊ အင်တာနက်နဲ့ စာနယ်ဇင်း အပါအဝင် မီဒီယာ မျိုးစုံရှိရေး လုပ်ငန်း တက်ညီလက်ညီ ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးခဲ့တဲ့ အပြင်၊ ကျွန်တော်တို့က "China"တံဆိပ်တွေကို ဖန်တီးဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်။ "တရုတ်-ရုရှား မိုဘိုင်မီဒီယာ ပလက်ဖောင်း"နဲ့"တရုတ်-အီတလီ" အွန်လိုင်း မဂ္ဂဇင်းစတဲ့ မိုဘိုင်ကလိုင်းတ်နဲ့ လူမှုကွန်ရက်အကောင့်တွေဖြင့် မီဒီယာသစ် တွေကို ဦးစားပေး အသုံးပြုပြီး သောတရှင်များအား ဘက်စုံစစ်မှန်တဲ့ တရုတ်ပြည်ကို မိတ်ဆက်ပေးခဲ့တယ်။ ကျွန်တော်တို့ဟာ သတင်းဖြန့်ချိရေး အချက်အလက်၊ နည်းလမ်းနဲ့ စတိုင်တွေကို ပိုမို လတ်လတ်ဆတ်ဆတ်၊ အသက်ဝင်အောင်၊ သောတရှင်များ လက်ခံနားလည်ဖို့ ပိုမိုလွယ်ကူအောင်နဲ့ သောတရှင်များမှ မတူခြားနား ပြားများတဲ့ လိုအပ်ချက်တွေကို ပိုပြီး ကိုက်ညီဖြည့်ဆည်းနိုင်အောင် ဗီဒီယိုတို၊ H5၊ ကာတွန်း၊ ဓါတ်ပုံတွေ ရောနှောပေါင်းစပ်တဲ့ မီဒီယာ ကုန်ပစ္စည်းတွေကို အကွက်စေ့စေ့ ထုတ်လုပ် ခဲ့တယ်။ ကျွန်တော်တို့ဟာ နိုင်ငံခြား မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန် ပြည့်စုံလာအောင် တက်ကြွစွာ ဆောင်ရွက်ပြီး ပိုမိုများပြားတဲ့ သောတရှင်များနဲ့အတူ နိုင်ငံတကာ သတင်းတွေကို အချိန်မီ မျှဝေခံစားကာ သောတရှင်တွေရဲ့"ဘေးနားမှာ ရှိတဲ့ မီဒီယာ" ဖြစ်လာအောင် ဖန်တီးဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး နည်းလမ်းသစ်ကို တက်ကြွစွာ စူးစမ်းလေ့လာပြီး "တရုတ်ဇာတ်ရုံ"ကို ပူးပေါင်းလုပ်ကိုင်ကာ ဘာသာစကားမျိုးစုံ နောက်ခံစကားပြော တရုတ် တီဗီဇာတ်လမ်း၊ ရုပ်ရှင်တွေနဲ့ မိတ်ဆွေများ အတွက် တရုတ်ပြည် အကြောင်း သိရှိနားလည်ဖို့နဲ့ တရုတ်ယဉ်ကျေးမှုတွေ ခံစားဖို့ နည်းလမ်းသစ်တွေ ဖန်တီးပေးခဲ့တယ်။

မိတ်ဆွေများခင်ဗျာ၊ နေရောင်ခြည်၊ မိုးရေနဲ့ မြေဆီလွှာ မရှိရင် ပြည့်တင်းတဲ့ အစေ့ဟာ အမြစ်တွယ်လို့ မရသလို ကြီးပြင်းလာလို့လည်း မရဘူး။ သောတရှင်တွေရဲ့ အာရုံစူးစိုက်မှုနဲ့ အားပေးထောက်ခံမှုတွေကြောင့် ကျွန်တော်တို့ဟာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ပိုပြီး ခြေလှမ်းမှန်မှန်နဲ့ အားကောင်းစွာ လျှောက်လှမ်းနေတယ်။ ၂၀၁၇ခုနှစ်က စီအာအိုင်ရဲ့ သောတရှင်များမှ စာ၊ အီးမေလ်၊ ဝက်ဘ်ဆိုက်၊ facebookနဲ့ wechat comments အပါအဝင် တုံ့ပြန်ချက် စုစုပေါင်း ပမာဏမှာ ၉၅သန်း ရှိတယ်။ ပြည်ပမှာ ဘာသာမျိုးစုံနဲ့ လုပ်ကိုင်တဲ့ လူမှုကွန်ရက် အကောင့်တွေကို အာရုံစိုက်သူ စုစုပေါင်း ဦးရေမှာ ၆၂သန်းကျော်ရှိပြီး မိုဘိုင်ကလိုင်းတ် သုံးစွဲသူ ဦးရေမှာ ၂၆သန်းကျော် ရှိကာ စံချိန်သစ်ကို နောက်ထပ် တင်ခဲ့တယ်။ သောတရှင်တို့ဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေကောင်းများ ဖြစ်တယ်၊ သောတရှင်တွေက ကွန်ပျူတာ၊ ဒါမှမဟုတ် မိုဘိုင်ဖုန်းမှာ likeကို နှိပ်တိုင်း၊ သောတရှင်တို့ရဲ့ ဝေဖန်သုံးသပ်ချက်တိုင်း နဲ့ သောတရှင်တွေ ရေးတဲ့ စာတိုင်းမှာ ကျွန်တော်တို့ အပေါ် မျှော်လင့်ချက်နဲ့ အားပေးထောက်ခံမှု

အပြည့်အဝရှိတယ်။ ကျွန်တော်ဟာ စီအာအိုင် ဝန်ထမ်း အားလုံးရဲ့ ကိုယ်စား မိတ်ဆွေ အားလုံးကို နှစ်နှစ်ကာကာ ကျေးဇူးတင်ရှိတယ်။

    "နှစ်သစ်ရောက်တော့ သဘာဝ ရှုခင်းမှာ အသွင်သစ် အမျိုးမျိုးဆောင်လာတယ်"။ ၂၀၁၈ခုနှစ်မှာ ကျွန်တော်တို့ဟာ မိတ်ဆွေများ အတွက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ပိုမိုလျင်မြန်တဲ့ သတင်းအချက်အလက် ဝန်ဆောင်မှုကို ပေးဖို့ ကြိုးပမ်းမှာဖြစ်ပြီး  မိတ်ဆွေများ တရုတ်ပြည်နဲ့ ကမ္ဘာကို သိရှိနားလည်စေနိုင်ဖို့အတွက် ပိုမိုများပြား ကောင်းမွန်တဲ့ ပလက်ဖောင်းတွေ တည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းမှာလည်း ဖြစ်တယ်။

ကျွန်တော်တို့ရဲ့ ချစ်ကြည်ရေးဟာ မိုးကောင်းကင်နဲ့ ဝသုန်မြေလို ကာလရှည်ကြာစွာ တည်ရှိနိုင်ပါစေ၊ မိတ်ဆွေအားလုံး နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ နောက်ထပ် ဆုတောင်း လိုက်ပါတယ်။

   Webradio