• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၁၈-ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

(GMT+08:00) 2017-12-31 19:50:30

      ၂၀၁၈ခုနှစ် နှစ်သစ်မတိုင်မီတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ စီအာအိုင်အသံလွှင့်ဌာန၊ ဗဟိုပြည်သူ့အသံလွှင့်ဌာန၊ ဗဟိုရုပ်မြင်သံကြားဌာန၊ တရုတ် နိုင်ငံတကာအသံလွှင့်ဌာနနှင့် အင်တာနက်မှတဆင့် ၂၀၁၈ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားသည်။

 

 

 

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ မိတ်ဆွေ၊ ရဲဘော်များခင်ဗျား၊ ၂၀၁၈ခုနှစ်ကျရောက်ဖို့ ခေါင်းလောင်းထိုးတော့မှာ ဖြစ်ကြောင်း၊ ကျွန်တော်က တစ်ပြည်လုံး တိုင်းရင်းသားပြည်သူ များ၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖေါ်များ၊ မကာအို အထူး အုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖော်များ၊ ထိုင်ဝမ်မွေးချင်း ပေါက်ဖော်များနဲ့ ပင်လယ် ရပ်ခြားရောက် တရုတ်အနွယ်ဖွားများ၊ ကမ္ဘာ့နိုင်ငံနဲ့ဒေသ အသီးသီးမှ မိတ်ဆွေများ အား နှစ်သစ်ကူး နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြား ပါတယ်။

၂၀၁၇ခုနှစ်က ကျွန်တော်တို့ဟာ တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ခေါ်ယူကျင်းပပြီး၊ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေးဖြစ်စဉ်သစ်ကို စတင်ခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု စုစုပေါင်းပမာဏဟာ တရုတ်ယွမ်ငွေ ၈ ဘီလီယံအထိရှိပြီး၊ မြို့ပြလုပ်ငန်းခွင် ၁၃ သန်း တိုးလာကြောင်း၊ သက်ကြီးရွယ်အို သန်း ၉၀၀ ကျော် ပြုစုမွေးမြူဖို့အတွက် အာမခံပေး ကြောင်း၊ လူ သန်း ၁၃၅၀ အတွက် အခြေခံကုသရေးအာမခံချက်တင်ပေးခဲ့ကြောင်း၊ ဆင်းရဲသား ၃့၎ သန်းအတွက် အိုးအိမ်သစ်များ ဆောက်လုပ်ပေးခဲ့ကြောင်း၊ ပြည်သူလူထု နေထိုင်မှုလုပ်ငန်းလျင်မြန်စွာ တိုးတက်လာသည့် တစ်ချိန်ထဲမှာ ဇီဝပတ်ဝန်းကျင်ကလည်း တစ်ဖြည်းဖြည်းကောင်းမွန်လာကြောင်း။ ကျွန်တော်တို့ဟာ အတော်အတန်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းဘက်စုံတည်ဆောက်ရေးရည်မှန်းချက်သို့ ခြေလှမ်းတစ်လှမ်း လှမ်း လိုက်ပြီဖြစ်ကြောင်းပြောကြားပါတယ်။

ရှီကျင့်ဖိန်က သိပ္ပံနည်းပညာဆန်းသစ်တီထွင်ပြီး အရေးကြီးလုပ်ငန်တည်ဆောက်ရာ မှာ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ဟွေ့ယန်-ဂြိုဟ်တု အာကာသမှာ လည်ပတ်ခြင်း၊ C 919 အကြီးစားခရီးသည်တင်လေယာဉ်ပျံသန်းခြင်း၊ ကွမ်တမ်ကွန်ပျူတာ အောင်မြင်စွာ ထုတ်လုပ်ခြင်း၊ ရေငန်နဲ့ စပါးကို စမ်းသပ်စိုက်ပျိုးခြင်း၊ ကိုယ်တိုင်ထုပ်လုပ်သည့် လေယာဉ် တင်သင်္ဘော ပထမအကြိမ် ပင်လယ်ထဲ စမ်းသပ်ခြင်းနဲ့ ဖုရှင်းဟောက်-မြန်နှုန်းမြင့် ရထားပြေဆွဲခြင်းများအပါအဝင် တရုတ်ပြည်သူများရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းအပေါ် ကျွန်တော်အနေနဲ့ ကောင်းချီးသြဘာ ပေးလိုကြောင်း ပြောကြားပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခဲ့တဲ့ နှစ် ၉၀ ပြည့် အထိမ်းအမှတ်ပြုဖို့အတွက် ကျူးယိဟို- ပူးတွဲလေ့ကျင့်ရေးစခန်းမှာ စစ်ရေးလေ့ကျင့်ပွဲ ကျင်းပခဲ့ကြောင်း၊ ဟောင်ကောင်က အမိနိုင်ငံရင်ခွင်သို့ ပြန်လည် ရောက်ရှိသည့် ၂၀ နှစ်မြောက်အတွင်း ကျွန်တော်ဟာ ဟောင်ကောင်ကို သွားရောက်ပြီး၊ ဟောင်ကောင်ရဲ့ ရေရှည်တည်ငြိမ်မှုနဲ့ စည်ပင်သာယာမှုကို တွေ့မြင်ကာ၊ ဟောင်ကောင်ရဲ့ အနာဂတ်ဟာ မုချပိုမိုလှပကောင်းမြတ်မှာဖြစ်ကြောင်း၊ ကျွန်တော်တို့ဟာ နန်ကင်း လူသတ်မှုကြီးတွင် အသက်ရှင်ကျန်ရစ်သူနှင့် မိသားစုဝင်များ ပူဇော်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြင့် သမိုင်းကို မှတ်ယူပြီး ငြိမ်းချမ်းရေးကို ဆုတောင်းကြကြောင်းပြောကြားပါတယ်။

တရုတ်ပြည်မှာ နိုင်ငံတကာလှုပ်ရှားမှုကြီးများကျင်းပခဲ့ကြောင်း၊ ဒီထဲမှာ Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးများဖိုရမ်၊ BRICKS နိုင်ငံခေါင်းဆောင်များ ရှာ့မင်တွေ့ဆုံဆွေးနွေးပွဲ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲများပါဝင်ကြကြောင်း၊ ဒီနှစ်နှစ်ဦးပိုင်းက ကျွန်တော်ဟာ နိုင်ငံတကာ အရေးကြီးအစည်းအဝေးများတွင် ပါဝင်ခဲ့ကြောင်း၊ နှစ်ဦးပိုင်းက ကျွန်တော်ဟာ ဒါဗို့စ် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး၊ ဂျီနီဗါဆိုင်ရာ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ မိန့်ခွန်း ပြောကြားကာ၊ ဂျီ-၂၀ထိပ်သီးများအစည်းအဝေး၊အေပက်အဖွဲ့ထိပ်သီးများ အလွတ်သဘော အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း၊ အဲဒီအစည်းအဝေးများမှာ ကျွန်တော်ဟာ သက်ဆိုင်ရာ ဘက်များနဲ့ အမြင်ချင်းဖလှယ်ခဲ့ပြီ၊ ဘက်အသီးသီးတို့အနေနဲ့၊ လူသား ကံကြမ္မာအသိုက်အဝန်းတည်ဆောက်ပြီး ကမ္ဘာ့ပြည်သူများအတွက် စွမ်းဆောင်မှု ပြုဖို့ ထောက်ခံကြကြောင်း ပြောကြားပါတယ်။


၂၀၁၇ခုနှစ်မှာ ကျွန်တော်ဟာ ဒေသအသီးသီးမှ ပြည်သူများရဲ့ စာစောင်များကို ရရှိခဲ့ပြီး၊ ဒီထဲမှာ ရှီဇန့် လုံဇီခရိုင်က ရွာသူရွာသားများ၊ အတွင်းမွန်ဂိုးဒေသခံများ၊ ရှီးအန်း လမ်းပန်းဆက်သွယ်ရေးတက္ကသိုလ်ပါမောက္ခနဲ့ နန်ခိုင်းတက္ကသိုလ်ကျောင်းသားတို့ ပါဝင်ကြကြောင်း၊ သူတို့ရဲ့ အကြောင်းဟာ ကျွန်တော်အား စိတ်ထိခိုက်စေမိကြောင်း၊ သူတို့လိုတရုတ်ပြည်သူများက အမိနိုင်ငံကို ချစ်မြတ်နိုးပြီး ကိုယ့်လုပ်ငန်းခွင်အတွက် စွမ်းဆောင်ကြခြင်းဟာ သာမန်ပြည်သူများရဲ့ ကြီးမြတ်မှုကို ကျွန်တော်အား ခံစားစေခဲ့ ကြောင်း ပြောကြားပါတယ်။

မိတ်ဆွေ၊ ရဲဘော်များခင်ဗျား၊ ၂၀၁၈ခုနှစ်ဟာ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ် မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံရည်မှန်းချက်များကို ဘက်စုံဇောက်ချ ပြုလုပ်တဲ့ ပထမနှစ်ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံဟာ လာမယ့် နှစ် ၃၀ ကျော်အတွင်း တရုတ်ပြည်ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းမြေပုံကိုရေးဆွဲခဲ့ကြောင်း၊ ကျွန်တော်တို့အနေနဲ့၊ ဒီလမ်းကြောင်း မြေပုံကို လက်တွေ့ကျကျဖော်ဆောင်ရမှာဖြစ် ကြောင်း ပြောကြားပါတယ်။

၂၀၁၈ခုနှစ်ဟာ တရုတ်ပြည်တံခါးဖွင့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီ ကျင့်သုံးခဲ့တဲ့ ၄၀ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ တံခါးဖွင့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဟာ ခုခေတ် တရုတ် ပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် မုချဖြတ်သန်းရမယ့်လမ်းကြောင်းဖြစ်ရုံသာမက၊ တရုတ် အိပ်မက်အကောင်အထည်ဖော်ဆောင်ရေးအတွက် မုချဖြတ်သန်းရမယ့် လမ်းကြောင်း လည်းဖြစ်ကြောင်း၊ ကျွန်တော်တို့အနေနဲ့၊  ပြုပြင်ပြောင်းလဲရေးကို ဇောက်ချပြုလုပ်ရမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

၂၀၂၀ခုနှစ်မတိုင်မီမှာ ကျွန်တော်တို့ဟာ လက်ရှိစံနှုန်းအတိုင်း ကျေးရွာဆင်းရဲသူများ အတွက် ဆင်းရဲမှုကို ပပျောက်စေမှာဖြစ်ပြီး၊ ဒါဟာ ကျွန်တော်ရဲ့ ကတိပြုချက်ပဲဖြစ်ကြောင်း၊ ၂၀၂၀ခုနှစ်အထိဆိုရင်၊ ၃ နှစ်သာကျန်သေးပြီး၊ လူ့ဘောင်အဖွဲ့အစည်းအနေနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ကာ၊ အောင်မြင်မှုများကို အဆက်မပြတ်ရယူဖို့လိုအပ်ကြောင်း၊ ၃ နှစ် နောက်မှာ ဒီဆင်းရဲမှုပပျောက်ရေးစစ်ပွဲအောင်ပွဲရခြင်းဟာ လူသားတစ်ရပ်လုံးအတွက် အရေးကြီး အဓိပ္ပါယ်ပါရှိသော အရေးတော်ပုံဖြစ်ကြောင်းပြောကြားပါတယ်။

လက်ရှိအချိန်မှာ ဘက်အသီးသီးတို့ဟာ လူသားငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးရှေ့ အလားအလာအပေါ် မျှော်မှန်းချက်ရှိသလို စိုးရိမ်မှုလည်းရှိကြကြောင်း၊ တရုတ်ပြည်ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို မျှော်ကိုးနေကြကြောင်း၊ တာဝန်သိစိတ်အပြည့်အဝရှိတဲ့ နိုင်ငံကြီးအနေနဲ့၊ တရုတ်ပြည်ဟာ ကုလသမဂ္ဂသြဇာနဲ့ အဆင့်နေရာကို ပြတ်သားစွာ ထိန်းသိမ်းပြီး၊ နိုင်ငံတကာတာဝန်ဝတ္တရားကို တက်တက်ကြွကြွကျင့်သုံးဆောင်ရွက်မှာဖြစ် ကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေးဆိုင်ရာ ကတိပြုချက်ကို လိုက်နာပြီး Belt and Road အဆိုပြုချက်ကို တက်တက်ကြွကြွတွန်းအားပေးမှာဖြစ်ကြောင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးတည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးရေးစွမ်းဆောင်မှုပြုသူနဲ့ နိုင်ငံတကာစည်းကမ်း ထိန်းသိမ်းသူအဖြစ် အစဉ်တစိုက်ဆောင်ရွက်မှာဖြစ်ကြောင်း၊ တရုတ်ပြည်သူများအနေနဲ့၊ နိုင်ငံအသီးသီးပြည်သူများနဲ့အတူ ပိုမိုစည်ပင်သာယာပြီး၊ ပိုမိုအေးချမ်းတည်ငြိမ်သော လူသားအနာဂတ်ကောင်းကို ဖန်တီးသွားလိုကြောင်း ပြောကြားပါတယ်။

 မိတ်ဆွေ၊ ရဲဘော်များခင်ဗျား၊ ကျွန်တော်တို့ရဲ့ ကြီးမြတ်သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပြည်သူများက ဖန်တီးကြခြင်းဖြစ်သဖြင့် ပြည်သူများအတူမျှဝေခံစား ကြသင့်ကြောင်း၊ ပြည်သူများအနေနဲ့၊ အာရုံ အစိုက်ဆုံးဟာ ပညာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊ လူမှုအာမခံရေး၊ ဆေးကုသရေး၊ သက်ကြီးရွယ်အိုပြုစုရေး၊ နေထိုင်မှုနဲ့ ပတ်ဝန်းကျင်အပါအဝင်အရေးကိစ္စများဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ လူမှုရေးဆိုင်ရာ လုပ်ငန်းမှာ ပြီးပြည့်စုံခြင်းမရှိတာမျိုးလဲရှိသေးသဖြင့်၊ ကျွန်တော်တို့အနေနဲ့ တာဝန်သိစိတ်ပိုမိုရှိဖို့လိုအပ်ကြောင်း၊ ကွန်မြူနစ်ပါတီ ကော်မတီ အဆင့်အဆင့်၊ အစိုးရအဆင့်ဆင့်နဲ့ ကေဒါအဆင့်ဆင့်တို့အနေနဲ့၊ ပြည်သူများရဲ့ အသက်လုံခြုံမှုနဲ့ စားဝတ် နေရေးကို အချိန်မရွေးစိတ်ထဲမှာထားပြီး၊ ပြည်သူများ ချမ်းမြေ့သာယာစေအောင် စွမ်းဆောင်မှုပြုရမှာဖြစ်ကြောင်း၊ ပြည်သူများအား ပိုမိုကောင်းမွန် ချမ်းမြေ့သော နေထိုင်မှု ဘဝကို ဖန်းတီပေးရမှာဖြစ်ကြောင်း ပြောကြားပါတယ်။

   Webradio