• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဈေးကွက်ကြီးကြပ်ရေးလုပ်ငန်းအစည်းအဝေး၌ လီခေ့ချန်ညွှန်ကြား

(GMT+08:00) 2017-12-30 16:22:32

ခေတ်ကာလသစ် စက်မှုကုန်သွယ်ရေးနှင့် ဈေးကွက်ကြီးကြပ်ခန့်ခွဲရေးလုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယခုလ ၂၉ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ရာ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦါ်ဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ အရေးကြီးညွှန်ကြားချက်ချမှတ်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

လီခေ့ချန်က၊ သင့်မြတ်ကောင်းမွန်သော ဈေးကွက်ပတ်ဝန်းကျင်ထူထောင်ခြင်းသည်၊ ခေတ်မီစီးပွားရေးစနစ်တည်ဆောက်ရေးနှင့် အရည်အချင်းမြင့်မားစွာဖြင့် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်ဟု သတင်းအရ သိရသည်။

 

   Webradio