• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ်သည် အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းတွင် အရေးကြီး နှစ်တစ်နှစ် ဖြစ်သည်

(GMT+08:00) 2017-12-29 09:24:55

ယခုနှစ် သြဂုတ်လ ၈ ရက်နေ့က အာဆီယံအဖွဲ့သည် အာဆီယံ တည်ထောင်ခဲ့သည့် ၅၀ ပြည့်မြောက်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။ တရုတ် အာဆီယံ ရေးရာ ကျွမ်းကျင်ပညာရှင်များက ၂၀၁၇ ခုနှစ်သည် အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းတွင် အရေးကြီး နှစ်တစ်နှစ် ဖြစ်သည်ဟု ယူဆကြပါသည်။

တရုတ် ယခုခေတ် နိုင်ငံတကာဆက်ဆံမှု သုတေသနအဖွဲ့ အရှေ့တောင်အာရှ သုတေသနဌာန ဌာနမှူး သုတေသီ ကျမ်းရွှေကမ်က၊ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှ ဒေသ နိုင်ငံရေး အခြေအနေသည် ခြုံပြီး ကြည့်လျှင် တည်ငြိမ်ပါကြောင်း၊ စီးပွါးရေး သည်လည်း ဆက်တိုက် တိုးတက်လာကာ ယခုနှစ်တွင် အရှေ့တောင်အာရှ ဒေသ စီးပွါးရေး တိုးတက်နှုန်းမှာ ၅ ရာခိုင်နှုန်းကျော် ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားပါသည်။

ပီကင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံမှု ကောလိပ်မှ ပါမောက္ခ ကျိုင်ခွင်က၊ ၂၀၁၈ ခုနှစ်တွင် အာဆီယံ နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှုကို အဆင့် တိုးမြှင့်မည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။

   Webradio