• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဆိုင်ရာ ဂျာမဏီ သံအမတ်ကြီး၏ ပြောဆိုချက်ကို ဟွာချွင်ယဉ် ချေပ

(GMT+08:00) 2017-12-28 09:57:11

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တရုတ် နိုင်ငံဆိုင်ရာ ဂျာမဏီ သံအမတ်ကြီး၏ တရုတ်-ဂျာမဏီ အင်တာနက် လုံခြုံမှုဆိုင်ရာ ပြောဆိုသည့်စကားနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြား ရာတွင်၊ ယင်းသံအမတ်ကြီး၏ သက်ဆိုင်ရာ စကားသည် အဖြစ်မှန်နှင့် မကိုက်ညီ ရုံသာ မက အဖြူအမဲကို ကပြောင်းကပြန် ဖြစ်အောင် ပြောဆိုခြင်းပင် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ဂျာဏီနှင့် အင်တာနက် လုံခြုံမှု နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ကိစ္စ အပေါ် ပွင့်လင်းသော သဘော အမြဲ ထားရှိနေကြောင်း ယခုလ ၂၇ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio