• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပေတို ဂြိုဟ်တုလမ်းပြစနစ် ၅ နှစ် ဆက်တိုက် ပုံမှန် လည်ပတ်

(GMT+08:00) 2017-12-28 09:52:05

တရုတ် ပေတို ဂြိုဟ်တု လမ်းပြစနစ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင် ဝန်ဆောင်မှုပေးခဲ့ခြင်း ဖြစ်ပြီး ငါးနှစ်အတွင်း ဆက်တိုက် ပုံမှန် လည်ပတ် ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပေတို ဂြိုဟ်တု လမ်းပြစနစ်သည် တရုတ်ပြည်တွင်း၌ စင်တီမီတာ အဆင့်အထိ တိကျ သိမ့်မွေ့ မှန်ကန်စွာ ဝန်ဆောင်မှု ပေးနိုင်ပြီ ဖြစ်ပြီး ဟန်းဖုန်း၊ မိုဘိုင်း အများစီး စက်ဘီး ဝန်ဆောင်မှု စသည်တို့ဖြင့် တရုတ် ပြည်သူများအား အကျိုး ဆောင်ပေး နေကြောင်း၊ လာမည့်နှစ်တွင် ပေတို ဂြိုဟ်တု လမ်းပြစနစ်သည် Belt and Roadတလျှောက်မှ နိုင်ငံနှင့် ဒေသများအတွက် ဦးစားပေး ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း ပေတို ဂြိုဟ်တုလမ်းပြစနစ်ကို ပြည်သူ့လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားပေးရေး၊ သစ်တော်လုပ်ငန်း၊ ဘေးအန္တရာယ် လျှော့ချရေး စသည့် လုပ်ငန်းနယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုလာပြီ ဖြစ်ကြောင်း သိရပါသည်။

   Webradio