• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၆ ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00) 2017-12-27 15:53:51

      ၁၆ကြိမ်မြောက်တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်စည်ပြပွဲကို ယခုလ ၂၆ ရက်နေ့က တရုတ်ပြည်ယူနန်ပြည်နယ် ရွှေလီမြို့တွင် ဖွင့်လှစ်ခဲ့ရာ၊ တရုတ်၊ မြန်မာနှင့်ထိုင်းအပါအဝင် နိုင်ငံများမှ လုပ်ငန်းကုမ္ပဏီ ၃၀၀ ခန့် ပါဝင်ပြသကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ယခုအကြိမ်နယ်စပ်ဒေသကုန်စည်ပြပွဲသည်၊ အတိုင်းအတာအကြီးမားဆုံးဖြစ်ပြီး၊ ပြခန်းစုစုပေါင်း ၄၈၀ ရှိသည်။

မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင် က၊ တရုတ်ပြည်သည်၊ မြန်မာနိုင်ငံ၏ အရေးကြီးကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio