• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00) 2017-12-27 14:49:09

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၂၆ ရက်နေ့က ပီကင်းတွင် တရုတ်-အာဖဂန်-ပါကစ္စတန် ၃ နိုင်ငံ ပထမအကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေသော ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အာစီဖီနှင့်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိသည်  အာစီဖီက ပထမအကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခြင်းအတွက် ကြိုဆိုလိုက် ပါကြောင်း၊ တရုတ်နိုင်ငံသည် ပါကစ္စတန်ကို အနီးပတ်ဝန်ကျင် နိုင်ငံခြားဆက်ဆံရေး၏ ဦးစားပေးနေရာတွင် ထားရှိနေကြောင်း အလေးထားပြောကြားခဲ့သည်။

အာစီဖီက တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ဘက်စုံမဟာပျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နှင့်ယုံကြည်မှုအများဆုံးသောမိတ်ဆွေကောင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

   Webradio