• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမည့်နှစ်တွင် တရုတ်နိုင်ငံသည် ကျေးလက်တောရွာ ကားလမ်း ကီလိုမီတာ ၂ သိန်း ဖောက်လုပ်မည်

(GMT+08:00) 2017-12-27 10:06:46

တရုတ် နိုင်ငံသည် ကျေးလက်တောရွာဒေသ ဆင်းရဲမှု လျော့ချရေး အတွက် ကားလမ်း ဖောက်လုပ်ခြင်းကို အားဖြည့်ဆောင်ရွက်နေကြောင်း၊ လွန်ခဲ့သည့်နှစ် နှစ်ကုန် အထိ ကျေးလက်ဒေသ၌ ကားလမ်း အရှည် စုစုပေါင်း ကီလိုမီတာ ၃၉ သိန်း ၆ သောင်းကျော် ရှိပြီ ဖြစ်ပြီး လာမည့်နှစ်တွင်လည်း ကီလိုမီတာ ၂ သိန်း အသစ် ဖောက်လုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချွင်ကင်က၊ ယခုနှစ် အတွင်း တရုတ် ကျေးလက်တောရွာများ၌ ကားလမ်း ကီလိုမီတာ ၂ သိန်း ၈ သောင်း ၅ ထောင်ကျော်ကို တိုးချဲ့ ဖောက်လုပ်ခဲ့ရာ တစ်ပြည်လုံး ဆင်းရဲသောရွာ ၉၀၀၀ ကျော်တွင်လည်း ကတ္တရာလမ်းများကို ဖောက်လုပ်ထားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio