• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ်၊အာဖဂမ်၊ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-12-27 10:02:09

ပထမ အကြိမ် တရုတ်၊အာဖဂမ်၊ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ ၃ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် ကျေအေးရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ဆက်သွယ်မှု တွန်းအားပေးရေး၊ လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အကြောင်းကိစ္စ သုံးရပ်ကို အဓိကထားဆွေးနွေးကာ သဘောတူညီမှုများကို ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ တရုတ်နိုင်ငံသည် ၃ ပွင့်ဆိုင် နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲစနစ်နှင့် အခြားစနစ်များမှတဆင့် အာဖဂမ်နှင့် ပါကစ္စတန် ဆက်ဆံမှု ပြန်လည်ကောင်းမွန်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

   Webradio