• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆင်းရဲသားကို ထောက်ပံ့ကူညီသော ငွေနည်းစု ဘဏ်ချေးငွေ လုပ်ငန်း

(GMT+08:00) 2017-12-27 09:55:06

ဆင်းရဲသော အမျိုးသမီးများကို အကူအညီ ပေးသော ငွေနည်းစု ဘဏ်ချေးငွေ လုပ်ငန်းသည် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း တစ်ရပ် ဖြစ်သည်။ တရုတ်ပြည် ယူနန်ပြည်နယ် ထိုက်ယိရွာ၌ ဆင်းရဲသော မိသားစု ၁၀၅ စု အနက် တစ်ဝက်ခန့်သည် ယင်းဘဏ်ချေးငွေကို အသုံးပြုပြီး ကြီးပွါးချမ်းသာရေး လမ်းပေါ်သို့ တက်လှမ်းနေကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ရွာသူ ယန်လိကျင်းသည် ယီလူမျိုး တစ်ဦး ဖြစ်သည်။ ယန်လိကျင်းသည် ဘဏ်ချေးငွေ ယွမ် ၂-သောင်း ရရှိ ပြီးနောက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရောင်းဝယ်နေသည်။ အရောင်းအဝယ် ကောင်းသဖြင့် တစ်လအတွင်း ဘဏ်ချေးငွေ အတိုးနှုန်း ပြန်ဆပ်ပေးသည့်ပြင် ဝင်ငွေ မနည်း ရရှိနိုင်သည်ဟု သိရပါသည်။

   Webradio