• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပါလက်စတိုင်း-အစ္စရေး ပြဿနာ ဖြေရှင်းရေးအတွက် ဆက်လက် အကျိုးပြု စွမ်းဆောင်လိုဟု တရုတ် ဆို

(GMT+08:00) 2017-12-26 09:39:15

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တရုတ်နိုင်ငံသည် ပါလက်စတိုင်း ပြည်သူများ၏ အမျိုးသား တရားဝင် အခွင့်အရေး ပြန်လည် ရရှိရေးဆိုင်ရာ တရားမျှတသော လုပ်ငန်းကို တလျှောက်လုံး ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း ကောင်စီဝင်နိုင်ငံ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်သော နိုင်ငံကြီး တစ်နိုင်ငံနှင့် ပါလက်စတိုင်းနှင့် အစ္စရေး ပြည်သူများ၏ တူညီသော မိတ်ဆွေ အနေနှင့် တရုတ်နိုင်ငံသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော တိုက်တွန်းချက် ၄ ရပ်ကို လမ်းညွှန်ချက် အဖြစ်ထားပြီး၊ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို ဘက်စုံ၊ ရေရှည်၊ တရားမျှတစွာ ဖြေရှင်းနိုင်ရန်နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် အတွက် ဆက်လက် အကျိုးပြု စွမ်းဆောင်လိုပါကြောင်း ယခုလ ၂၅ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

   Webradio