• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး အတွေ့အကြုံကို လေ့လာ အတုယူသင့်ဟု မြန်မာ အလွှာပေါင်းစုံ ပုဂ္ဂိုလ်များ ဆို

(GMT+08:00) 2017-12-26 09:37:34

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး ဥက္ကဋ္ဌ ဝမ်ဝေကွမ်း ဦးဆောင်သော တရုတ် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂၂ ရက်နေ့က မြန်မာ နိုင်ငံ ရန်ကုန် မြို့၌ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံ ရည်မှန်းချက် အကြောင်းအရာ ရှင်းလင်း ပြောကြားရေး အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

မြန်မာ နိုင်ငံရေးပါတီ၊ အစိုးရ၊ ကုန်သွယ်ရေးလောကမှ ပုဂ္ဂိုလ် ရာပေါင်းများစွာ တို့သည် အစည်းအဝေးသို့ တက်ရောက်ပြီး၊ တရုတ်ပြည်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို လေ့လာ အတုယူသင့်သည်ဟု ဖေါ်ပြကြကြောင်း သတင်းရရှိပါသည်။

မြန်မာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ ဒီမိုကရေစီ ဒီလှိုင်း သတင်းစာမှ အယ်ဒီတာချုပ် ဦးအေးကြူက၊ တရုတ်ပြည် တင်ပြသော Belt and Road အဆိုပြုချက်သည် မြန်မာနိုင်ငံကို အကျိုးခံစားစေနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio