• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဘက်စုံ တံခါးဖွင့်ရေးကို တွန်းအားပေးနေ

(GMT+08:00) 2017-12-25 10:03:17

တရုတ် ဗဟို စီးပွါးရေး လုပ်ငန်း အစည်းအဝေးကို မကြာမီက ပီကင်း၌ ကျင်းပ ခဲ့ကြောင်း၊ အစည်းအဝေးတွင် ဘက်စုံ တံခါးဖွင့်ရေး အခြေအနေသစ် ဖြစ်တည်လာအောင် တွန်းအားပေးရမည်ဟု တင်ပြထားကြောင်း သတင်းရရှိပါသည်။

တရုတ် စီးပွါးရေး ပညာရှင်များက၊ လုပ်ငန်း လည်ပတ်မှု ပတ်ဝန်းကျင် ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းသည် တရုတ်နိုင်ငံက နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ဆွဲဆောင်ရန်နှင့် ဘက်စုံ တံခါးဖွင့်ရေး အခြေအနေ ဖြစ်တည်စေရန် အရေးကြီး အကြောင်းရင်းပင် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ ၈၀၃့ ၆၂ ဘီလီယံကို အသုံးပြုပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၉့ ၈ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

   Webradio