• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အကြီးစား ကုန်းသုံးရေသုံး လေယာဉ် ပထမဆုံးအကြိမ် ပျံသန်း

(GMT+08:00) 2017-12-25 09:59:41

တရုတ်ပြည် ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်သော အကြီးစား မီးသတ်နှင့် ရေပေါ် ကယ်ဆယ်ရေး ကုန်းသုံးရေသုံး လေယာဉ် "ကွင်လုံ အေဂျီ ၆၀၀" သည် ယခုလ ၂၄ ရက်နေ့က ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ် လေကြောင်းစက်မှုလုပ်ငန်း ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက၊ ယင်းလေယာဉ်ကို သစ်တော မီးသတ်ရေးနှင့် ရေပြင် ကယ်ဆယ်ရေး အပြင်၊ ပင်လယ် ကင်းလှည့်ရေး၊ ပင်လယ် ရေးရာ အချက်အလက်များ တိုင်းတာစစ်ဆေးရေး၊ ပို့ဆောင်ရေးနှင့် ခရီးသွား နယ်ပယ်များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

   Webradio