• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီးပွါးရေး နှစ်ပတ်လည် အစည်းအဝေး အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2017-12-24 09:55:23

တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာနှင့် ဆင်ဟွာ သတင်းဌာနမှ နိုင်ငံတော် တတ်သိပညာရှင်များအဖွဲ့တို့ ယခုလ ၂၃ ရက်နေ့က ပူးတွဲ ထုတ်ပြန်သော အစီရင်ခံစာတွင်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံး စီးပွါးရေးမှာ တဆင့်တိုး နာလန်ပြန်ထူ လာနေကြောင်း ဖေါ်ပြထားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကမ္ဘာ့စီးပွါးရေးမှာ အရှိန်ကောင်းမွန်စွာဖြင့် နာလန်ပြန်ထူလာနေခြင်း၊ ဖြစ်နိုင်ဖွယ်ရာ အန္တရာယ်ကို အလေးထား ကြိုတင်ကာကွယ် ဖြေရှင်း ရမည် ဖြစ်ခြင်း ခေါင်းစဉ် ဖြစ်သည့် အထက်ပါ အစီရင်ခံစာကို ယင်းနေ့က ကျင်းပသော ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တရုတ် စီးပွါးရေး နှစ်ပတ်လည် အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio