• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းရေးပုဂ္ဂိုလ်များ ပီကင်း၌ သဘောတူညီမှု ရရှိ

(GMT+08:00) 2017-12-24 09:18:46

တတိယ အကြိမ်မြောက် ပါလက်စတိုင်း - အစ္စရေး ငြိမ်းချမ်းရေး ပုဂ္ဂိုလ်များ နှီးနှောဖလှယ်ပွဲကို ယခုလ ၂၁ ရက်န့မှ ၂၂ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ရာ ပါလက်စတိုင်းနှင့် အစ္စရေး ဘက် ၂ ဘက်တို့သည် ငြိမ်းချမ်းရေးပုဂ္ဂိုလ် ၈ ဦးစီ စေလွှတ်ပြီး ယခုအကြိမ် အစည်းအဝေးတွင် နှက်ဖက်ခေါင်းဆောင်များ ကျင့်သုံးရမည့် ဆောင်ရွက်မှုများ၊ နှစ်ဖက် ပြည်သူများ အကျိုးပြုစွမ်းဆောင်နိုင်ဖွယ်ရာနှင့် နိုင်ငံတကာ မိသားစုကြီး အကျိုးပြု စွမ်းဆောင်နိုင်ဖွယ်ရာ အပါအဝင် နယ်ပယ် သုံးခုနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အရှေ့အလယ်ပိုင်းရေးရာ တရုတ် သံတမန်အရာရှိ ကုန်ရှောင်ရှင်က၊ ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းရေး ပုဂ္ဂိုလ်များသည် နိုင်ငံ နှစ်နိုင်ငံ အဆိုပြုချက်ကို အခြေခံ အဖြစ် ထားပြီး ပါလက်စတိုင်း-အစ္စရေး အငြင်းပွါးမှု ဖြေရှင်းရန် တွန်းအားပေးရေး အမည် ဖြစ်သည့် သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သတင်းထောက်များအား ထုတ်ဖေါ်ပြောကြားပါသည်။

   Webradio