• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ပါလက်စတိုင်း နိုင်ငံ တည်ထောင်ရန်ကို ထောက်ခံဟု ဆို

(GMT+08:00) 2017-12-23 09:37:37

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၂ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ပါလက်စတိုင်း သမ္မတ၏ ကိုယ်စားလှယ် ဖြစ်သူ မာဂ်ျဒါလာနီနှင့် ရှာအာသ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက၊ တရုတ်နိုင်ငံသည် နိုင်ငံ နှစ်နိုင်ငံ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရန်ကို ထောက်ခံကြောင်း ပြောကြားပါသည်။

မာဂ်ျဒါလာနီနှင့် ရှာအာသ်တို့က၊ ပါလက်စတိုင်းသည် နိုင်ငံရေးနည်းလမ်းဖြင့် ပါလက်စတိုင်း-အစ္စရေး ပြဿနာကို ဖြေရှင်းရန် စွဲကိုင်ကြောင်း ပြောကြားပါသည်။

   Webradio