• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ထိုင်းရထားလမ်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ပထမအဆင့်လုပ်ငန်း တရားဝင် စတင်ဖောက်လုပ်

(GMT+08:00) 2017-12-22 15:24:49

      ယခုလ ၂၁ ရက်နေ့ ညနေပိုင်းက တရုတ်-ထိုင်းမီးရထားလမ်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ပထမအဆင့်လုပ်ငန်း၏ စတင်ဖောက်လုပ်ရေးအခမ်းအနားကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယင်းဖောက်လုပ်ရေး အခမ်းအနားသို့ ဂုဏ်ပြုကြောင် သ​​ဝဏ်လွှာပေးပို့ခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်သည်၊ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။ တရုတ်-ထိုင်းမီးရထားလမ်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် တရုတ်ဘက် ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ ဒု ဥက္ကဋ္ဌ ဝမ်ရှောက်ထောင်၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးလျူကျန့်၊ ထိုင်းနိုင်ငံလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး၊     ၂ နိုင်ငံ အစိုးရဌာနများ၊ ရထားလမ်းကြီးကြပ်ရေးဌာနများ၊ သက်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီများနှင့် မီဒီယာများမှ ကိုယ်စားလှယ် စုစုပေါင်း ၄၀၀ ခန့်သည်၊ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio