• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု မီဒီယာထိပ်သီးများအစည်းအဝေးသည်၊ မီဒီယာ များအကြားပူးပေါင်းဆောင်ရွက်ရေးပေါင်းကူးတံတားထိုးပေး

(GMT+08:00) 2017-12-22 15:23:17

      ၂၀၁၇ခုနှစ် လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးများအစည်းအဝေးကို ယခုလ ၂၀ ရက်နေ့ညနေပိုင်းက ပီကင်းတွင် ကျင်းပခဲ့သည်။ အစည်းအဝေး၏ အဓိက ဆောင်ပုဒ်မှာ လန်ချမ်၊ မဲခေါင်မြစ် ကံကြမ္မာအသိုက်အဝန်း၊ မီဒီယာပူးပေါင်း ဆောင်ရွက်မှု ခေတ်ကာလသစ် ဟူ၍ဖြစ်သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် အပါအဝင် လန်ချမ်- မဲခေါင်မြစ် တစ်လျှောက်လုံး ၆ နိုင်ငံမှ အဓိက မီဒီယာ ၃၄ ခု မှ ကိုယ်စားလှယ်များသည်၊ မီဒီယားများ ပူးပေါင်ေးဆာင်ရွက်မှု နက်ရှိုင်စွာ ပြုလုပ်ပြီး၊ ပိုမိုကြံ့ခိုင်သော လန်ချမ်-မဲခေါင်မြစ်ကံကြမ္မာ အသိုက်အဝန်းတည်ဆောက်ရေး အတွက် အကြံကောင်းဥာဏ်ကောင်းများပေးခဲ့ကြကြောင်းစီအာအိုင်ကဖော်ပြသည်။

အစည်းအဝေးသို့တက်ရောက်သည့် မီဒီယာ ကိုယ်စားလှယ်များသည်၊ (လန်ချမ်- မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မီဒီယာများ ပူးတွဲကြေညာချက်)ကို အတူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ နိုင်ငံအသီးသီးမှ မီဒီယာ ကိုယ်စားလှယ်များက၊ ယခုအကြိမ်မီဒီယာထိပ်သီးများအစည်းအဝေးသည် အရေးကြီးသော အဓိပ္ပါယ်ရှိပြီး၊ တစ်လျှောက်လုံးနိုင်ငံပြညသူများအကြား ကူးလူးဖလှယ်ရေးနှင့် လန်ချမ်-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု တွေးခေါ်ယူဆမှုတိုးပွားစေရေးအတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်သည် ဟု မှတ်ယူကြသည်။

    မြန်မာနိုင်ငံ Northern Light ဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းတင်က၊ လန်ချမ်-မဲခေါင် ၆ နိုင်ငံတို့သည်၊ ပိုပြီးပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်၊ လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေးစနစ်သည်၊ တရုတ်နှင့် အာဆီယံအကြား ဆက်နွယ်ထားသော ပေါင်းကူးတံတားအဖြစ် ခိုင်မာစွာ တည်ဆောက်ပေးမည်ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စံနမူနာတစ်ရပ်ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြာခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio