• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မီဒီယာခေါင်းဆောင်များ အစည်း အဝေးကျင်းပ

(GMT+08:00) 2017-12-21 14:35:51

     တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ ဦးစီးကျင်းပသည့် ၂၀၁၇ခုနှစ် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မီဒီယာခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သည်။ အစည်းအဝေး၏ အဓိကဆောင်ပုဒ်မှာ လန်ချမ်၊ မဲခေါင်မြစ် ကံကြမ္မာအသိုက်အဝန်း၊ မီဒီယာပူးပေါင်းဆောင်ရွက်မှု ခေတ်ကာလသစ် ဟူ၍ဖြစ်သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် အပါအဝင် လန်ချမ်- မဲခေါင်မြစ် တစ်လျှောက်လုံး ၆ နိုင်ငံမှ အဓိက မီဒီယာ ၃၄ ခု မှ ကိုယ်စားလှယ်များသည်၊ မီဒီယားများ ပူးပေါင်ေးဆာင်ရွက်မှုနက်ရှိုင်စွားပြုလုပ်ပြီး၊ ပိုမိုကြံ့ခိုင်သော လန်ချမ်-မဲခေါင်မြစ်ကံကြမ္မာ အသိုက်အဝန်းတည်ဆောက်ရေးအတွက် အကြံကောင်းဥာဏ်ကောင်းများ ပေးခဲ့ကြကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အစည်းအဝေးတွင် လန်ချမ်-မဲခေါင်မြစ်တစ်လျှောက်လုံးနိုင်ငံများမှ မီဒီယာ ကိုယ်စားလှယ်များသည်၊ (လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မီဒီယာများ ပူးတွဲကြေညာချက်)ကို အတူလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ နိုင်ငံအသီးသီးမှ မီဒီယာ ကိုယ်စားလှယ်များသည်၊ မိမိတို့ဘာသာစကားဖြင့် ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး၊ ဒေသ တွင်းနိုင်ငံများမှ ပြည်သူတို့အကြား နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှု၊ ကူးလူးဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အားဖြည့်ဆောင်ရွက်ရန် အကျိုးတူ လိုအင်ဆန္ဒကို ဖော်ပြခဲ့ကြသည်။

၂၀၁၆ခုနှစ် မတ်လ ၂၃ ရက်နေ့က လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆာင်ရွက်မှု ပထမဆုံး အကြိမ် ထိပ်သီးများအစည်းအဝေးကို ဟိုင်နန်ပြည်နယ် ဆန်းယာ့မြို့တွင် ကျင်းပ ခဲ့ပြီး၊ ယင်းစနစ်တရားဝင်တည်ထောင်ခြင်းကို ပြသခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio