• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယန်သည် ပြင်သစ်ဧည့်သည်နှင့်တွေ့ဆုံ

(GMT+08:00) 2017-12-20 15:00:58

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတန်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဒုဝန်ကြီးချုပ် ဝမ်ယန်သည် ယခုလ ၁၉ ရက်နေ့က ပီကင်းကျွန်းနန်ဟိုင်တွင် ပြင်သစ်သမ္မတ၏နိုင်ငံခြားရေးရာအတိုင်ပင်ခံ PHILIPPE ETIENNEနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယန်က လွန်ခဲ့သောနှစ်များတွင် နှစ်နိုင်ငံခေါင်းဆောင်တို့၏တိုက်ရိုက်တွန်းအားပေးခြင်းဖြင့် တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာတိုးမြှင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် အဆင့်အတန်းမြင့်မားစွာတိုးတက်လာကြောင်း ပြောကြားခဲ့သည်။

PHILIPPE ETIENNEက ပြင်သစ်နိုင်ငံသည် တရုတ်နှင်ဆက်ဆံရေးကို လွန်စွာ အလေးထားကြောင်းပြောကြားခဲ့သည်။

   Webradio