• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၎ ကြိမ်မြောက် ကမ္ဘာ့ တရုတ်ဘာသာနှင့် ယဉ်ကျေးမှုပညာပေးရေးအစည်းအဝေးကျင်းပ

(GMT+08:00) 2017-12-20 10:35:43

      ၄ ကြိမ်မြောက် တရုတ်ဘာသာနှင့် ယဉ်ကျေးမှု ပညာပေးရေးအစည်းအဝေးကို ယခုလ ၁၉ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ရာ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ယန်ကျယ်ချီက ပင်လယ်ရပ်ခြားတရုတ်ဘာသာနှင့် ယဉ်ကျေးမှုပညာပေးရေး၌ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများမှ အရေးကြီး စွမ်းဆောင်ပြုမှုများအပေါ် တန်ဖိုးထားချီးကျူးပြီး၊ ပင်လယ်ရပ်ခြားတရုတ်ဘာသာနှင့် ယဉ်ကျေးမှုပညာပေးရေး ပိုမိုစည်ပင်သာယာ၊ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

 

   Webradio