• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆင်းရဲသောရွာ ကြီးပွါးတိုးတက်အောင် ဆောင်ရွက်ပေးသည့် ရွာသူကြီး

(GMT+08:00) 2017-12-20 09:48:47

ရှင်းပါးရွာသည် တရုတ်ပြည် ကွမ်တုန်းပြည်နယ်ရှိ တောင်တန်းဒေသ ၉၉ ရာခိုင်နှုန်း ဖြစ်သည့် ဆင်းရဲသော ရွာကလေး တစ်ရွာ ဖြစ်သည်။ လိုတာ့သည် ယင်းဆင်းရဲသော ရွာကလေး ကြီးပွါး တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နာမည်ကျော်ကြားသော ရွာသူကြီး ဖြစ်သည်။

လိုတာ့သည် ယင်းဆင်းရဲသောရွာ၏ ရွာသူကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် ပထမဦးစွာ ငွေရင်း စုဆောင်းပြီး တောင်ပေါ်တွင် ကားလမ်းများ ဖေါက်လုပ်ပေးခဲ့သည်။ သို့ဖြစ်၍ တောင်ပေါ်ရှိ ထွက်ကုန်များကို ပို့ဆောင် ရောင်းချနိုင်၍ ရွာသူရွာသားများ၏ ဝင်ငွေ တိုးလာပါသည်။ ထို့နောက် လိုတာ့သည် ခရီးသွား ကုမ္ပဏီနှင့် လက်ဖက် ကုမ္ပဏီကို ဖွဲ့စည်း ထူထောင်ပြီး ရွာသူရွာသားများကို ဦးဆောင်ကာ ကြီးပွါးချမ်းသာရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းလာသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio