• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် လုံခြုံရေး မဟာဗျူဟာ ထုတ်ပြန်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန တုံ့ပြန်

(GMT+08:00) 2017-12-20 09:36:15

အမေရိကန်အစိုးရသည် ယခုလ ၁၈ ရက်နေ့က နိုင်ငံတော် လုံခြုံရေး မဟာဗျူဟာ အစီရင်ခံစာကို ထုတ်ပြန်ပြီး ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံကို အမေရိကန်၏ အကျိုးစီးပွါးရေးဆိုင်ရာ ပြုင်ဘက် ဖြစ်သည်ဟု ရေးသားဖေါ်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ အမေရိကန် အနေနှင့် တရုတ်ပြည်၏ မဟာဗျူဟာကို တလွဲတချော် ဖြစ်အောင် တမင် ကြံဆ လုပ်ဆောင်ခြင်းကို ရပ်စဲရန်၊ မျက်မှောက် ကမ္ဘာကြီး အခြေအနေနှင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို ပကတိကျကျ ဆင်ခြင် သဘောထားရန် လှုံ့ဆော် တိုက်တွန်းလိုကြောင်း ယခုလ ၁၉ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio