• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဗဟိုစစ်ရေးကော်မရှင်ဒုစစ်ဦးစီးမှူးချု့ပ်မာယီးမင်သည် ကမ္ဘောဒီးယားအဆင့်မြင့်စစ်ဗိုလ်များကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00) 2017-12-19 16:06:25

တရုတ်နိုင်ငံဗဟိုစစ်ရေးကော်မရှင်ဒုစစ်ဦးစီးမှူးချုပ်မာယီးမင်သည် ယခုလ ၁၈ရက်နေ့က ပီကင်းမြို့၌ အလည်အပတ်ရောက်ရှိနေသော ကမ္ဘောဒီးယားဘုရင့် တပ်မတော်ဒုဦးစီးချုပ် Meas Sophea  ဦးဆောင်သော အဆင့်မြင့်စစ်ဗိုလ်များ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း တရုတ်သတင်းဌါနသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် Meas Sopheaက ကမ္ဘောဒီးယားသည် နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးကို မြတ်နိုးထားကြောင်း ၊ ကမ္ဘောဒီးယားအစိုးရနှင့် တပ်မတော်တို့သည် တရုတ်ပြည်နှင့် ချစ်ကြည်ရေးကို တစ်လျှောက်လုံး စွဲစွဲမြဲမြဲထိန်းသိမ်းနေပြီး တရုတ်တပ်မတော်နှင့် နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်စေပြီး နှစ်နိုင်င၏ အကျိုးတူများကို ထိန်းသိမ်း လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပအါသည်။

   Webradio