• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်မှုများစွာရရှိ

(GMT+08:00) 2017-12-19 15:54:12

     လန်ဆန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်မြောက်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မကြာမီက တရုတ်ယူနန်ပြည်နယ်တာ့လီမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၊ ကမ္ဘောဒီးယားပြည်ထဲရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith၊ မြန်မာအပြည်ပြည်ဆိုင်ရာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး U Kyaw Tinဗီယက်နမ်ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh

တို့သည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ အစည်းအဝေးတွင် လန်ဆန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခြင်းကို နောက်ကြောင်းပြန်သုံးသပ် ခဲ့ကြောင်း၊ အနာဂတ်လုပ်ငန်းများကို စီမံကိန်းများချထားပြီး လာမည့်နှစ် ကမ္ဘောဒီယားနိုင်ငံ၌ ကျင်ပမည့် ဒုတိယအကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေးသည် လန်ဆန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု မွေးထုတ်ပျိုးထောင်ရေးကာလမှ ရှင်သန် ဖွံ့ဖြိုးရေးကာလသို့ဝင်ရောက်နေစဉ်အရေးကြီးသောအစည်းအဝေးတစ်ကြိမ်ဖြစ်ပြီးအောင်မြင်မှုများစွာရရှိခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio